Main fundraiser photo

Masjid Noor ul-Islam Construction

Tax deductible
UPDATED on 5/27/2020.

ဗမာလို့ အင်္ဂလိပ်လို့ ၂ ဘာသာနဲ့ရေးထားပါတယ်။ လှူပေး၊ ကူပေး၊ ရှယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

Your contribution is greatly appriciated!

Allahumdullah, on 2015 Memorial Day weekend, Masjid Noor ul-Islam, a historic masjid among Burmese Muslim was opened. The grand opening was hosted after the phase one of the Masjid construction project. Fort Wayne Mayor, Chief of Police, Special guests from Muslims organizations were among over 3,000 attendees. 

Allahumdullah, the Phase II of the project was completed in November 2016, the Phase III was completed in April 2019, additional parking spaces in November 2019.  Additionally, most of the Quaz-e-Hasanah (Interest-free loan) that was taken out from some supporting families to complete the earlier phases were also paid back as planned.

Earlier this year, the BMECC board was putting a place to move forward with adding the Phase IV of the project, which will include the dedicated prayer space, wudu area and entrance for the sisters as well as much needed class rooms. 

However, due to health and safety concern in respond to COVID-19 pandemic, all the funding events for 2020 has been cancelled. We have to turn our head toward online tools for the funding that is needed to move forward with the project. We hope that you consider using this online tool to donate for the Masjid construction project. 

We ask for donation toward this project and your corporation by sharing this on social media to let your family and friend to the same.

အပ်ဆလားမို့အလိုင်းကွန်း(မ်)

အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ၂၀၁၅ Memorial Day Weekend မှာ နူရ်အစ္စလာမ် ဗလီ ဝတ်ကျောင်းတော်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဖို့တ်ဝိန်းမြို့မှာ တည်ရှိတဲ့ နူရ်အစ္စလာမ် ဗလီ ဝတ်ကျောင်းတော်ဟာ အမေရိကန်နိုင်ငံမှာ မြန်မာမွတ်စလင်တွေ ပထမဆုံး အုတ်မြစ်ချတည်ဆောက်တဲ့ ဗလီဖြစ်ပြီး မြန်မာမွတ်စလင်တွေအတွက် သမိုင်းမှတ်တိုင် တစ်ရပ်လည်း ဖြစ်ပါတယ်။

 အလ္လာဟ်အလိုတော်နဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဒုတိယအပိုင်း၊ ၂၀၁၉ ခုနှစ် ဧပြီလမှာ တတိယအပိုင်း၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ကားပါကင် နေရာတို့ကိုလည်း တိုးချဲ့တည်ဆောက်ပြီးစီးခဲ့ပါတယ်။  ငွေကြေးလိုအပ်ချက်ရှိတဲ့အတွက် ဖို့တ်ဝိန်းမြို့မှ အီမာန့်ရှင်မိတ်ဆွေ မိသားစုတချို့ စိုက်ထုတ်သုံးစွဲပေးထားတဲ့ ငွေကြေးအများစုကိုလည်း ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ယခုနှစ်အစပိုင်းမှာ စတ္ထုထအပိုင်းဖြစ်တဲ့ အမျိုးသမီးတွေအတွက် သီးသန့် ဝင်ပေါက်၊ ဝဇူနေရာနဲ့ ဝတ်ပြုရာနေရာ၊ စာသင်ခန်းတွေကို တိုးချဲ့ဖို့အတွက် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါ ကပ်ဆိုက်မှုကြောင့် ၂၀၂၀ ခုနှစ်မှာ ကျင်းပြုလုပ်ဖို့ စီစဥ်ထားတဲ့ ရန်ပုံငွေရှာဖွေပွဲ အခမ်းအနားကို ဖျက်သိမ်းလိုက်ရပါတယ်။ ဒါကြောင့် အွန်လိုင်း မှတဆင့် အလှူငွေကောက်ခံတဲ့ နည်းလမ်းကိုသာ အားပြုရတာဖြစ်ပါတယ်။

သာသနာ့မိတ်ဆွေတို့အနေနဲ့လည်း ဒီ အွန်လိုင်း မှတဆင့် အလှူငွေထည့်ဝင်တဲ့ နည်းနားကို အသုံးပြုပြီး ဗလီဆောက်လုပ်ရေး လုပ်ငန်းစဥ်အတွက် ထည့်ဝင်လှူဒါန်းပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ အပ်ပါတယ်။

 မိမိတို့ရဲ့ ဖေ့စ်ဘွတ် အကောင့်တွေမှာလည်း ရှယ်လုပ်ပြီး၊ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေတွေကိုလည်း ပါဝင်လှူဒါန်းပေးကြဖို့ ထပ်ဆင့် မေတ္တာရပ်ခံပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 
 

နူရ်အစ္စလာမ် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး
မြန်မာမွတ်စလင် ပညာရေးနှင့် ကွန်မြူနတီစင်တာ
ဖို့တ်ဝိန်းမြို့၊ အင်ဒီယားနားပြည်နယ်
အမေရိကန်ပြည်ထောင်စု

Donations 

    Organizer

    BMECC Fort Wayne
    Organizer
    Fort Wayne, IN
    Burmese Muslim Education and Community Center
    Beneficiary

    Your easy, powerful, and trusted home for help

    • Easy

      Donate quickly and easily

    • Powerful

      Send help right to the people and causes you care about

    • Trusted

      Our Trust & Safety team works around the clock to keep our community safe