Main fundraiser photo

emergency medical fund for Aung Myo Min

Donation protected

Sayar Aung Myo Min is a visionary human rights defender and founder of the first LGBTQ rights movement in Myanmar. Under his leadership, Equality Myanmar has trained thousands of activists, government officials and youth across the country. Myo has dedicated his life to courageously standing up for all those in need Now it’s time for us to stand up for him! His selfless life has positively changed the future of an entire country. Myo is in critical need of a kidney transplant. We need to urgently raise funds to cover his medical costs that will include dialysis, the transplant process, transportation costs and hospitalization. Myo’s love is shared in each of our hearts who have been touched by his spirit. Please donate whatever you can and share this appeal widely.
With his thanks and metta,

ဆရာကိုအောင်မျိုးမင်းအတွက် အရေးပေါ်ဆေးကုသမှုရံပုံငွေ

ဆရာအောင်မျိုးမင်းဟာ အမြင်အားကောင်းတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတစ်ဦးဖြစ်ပြီး လိင်ကွဲပြားမှုအပေါ်မှာ ခွဲခြားဆက်ဆံခံရသူတွေနဲ့ပါတ်သက်လို့ အခွင့်အရေးဆိုင်ရာ ကနဦးလှုပ်ရှားမှုကို ထူထောင်သူလဲဖြစ်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ညီမျှမှုမြန်မာအနေနဲ့ နိုင်ငံအနှံ့အပြားက တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရအရာရှိတွေနဲ့ လူငယ်တွေကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ မျိုးအနေနဲ့ သူ့ဘဝတခုလုံးကို အနစ်နာခံနစ်မြုပ်ပြီး လိုအပ်မှုရှိသူတွေအားလုံးအတွက် ရဲရင့်စွာ လုပ်ဆောင်ခဲ့ပါတယ်။

အခု သူ့အတွက် ကျနော်/ကျမတို့အားလုံး အတူရပ်တည်ဘို့ လိုလာတဲ့အချိန်ဖြစ်လာပါပြီ။

သူ့ရဲ့ ကိုယ်ကျိုးမရှိတဲ့ဘဝတခုလုံးအနေနဲ့ နိုင်ငံတခုလုံးရဲ့အနာဂါတ်အတွက် အပြုသဘောဆောင်စွာ ပြောင်းလဲမှုအတွက် လုပ်ဆောင်ခဲ့ပါတယ်။

အခု မျိုးအနေနဲ့ ကျောက်ကပ်အစားထိုးဘို့ အသည်းအသန်လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ကျောက်ကပ်ဆေးဘို့။ ကျောက်ကပ်အစားထိုးဘို့၊ ခရီးစရိတ်နဲ့ ဆေးရုံကုန်ကျစရိတ်တွေကို ပေးဆောင်နိုင်ဘို့ ရံပုံငွေရှာဖွေရန် လိုအပ်လာပါတယ်။

သူ့ရဲ့ဝိဥာဉ်တွေနဲ့ လှုံ့ဆော်ခံထားရတဲ့ကျနော်/ကျမတို့ရဲ့နှလုံးသားတွေအားလုံးမှာ မျိုးရဲ့ ချစ်ခြင်းမေတ္တာတွေ မျှဝေခံထားပြီးသားပါ။

သင်တို့အနေနဲ့ တတ်နိုင်သမျှ ကျေးဇူးပြုပြီးလှုဒါန်းပေးပါ။ ဒီမေတ္တာရပ်ခံမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးပါနော်။

ကျေးဇူးတင်လျက်၊ မေတ္တာများစွာဖြင့်

ကိုယ်ရေးရာဇဝင်အကျဉ်း
အောင်မျိုးမင်းသည် လူ့အခွင့်အရေးပညာပေးရေးနှင့် မြန်မာပြည်တွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရန်တွက် တိုက်တွန်းနှိုးဆောင်နေသော ညီမျှမှုမြန်မာ၏ အမှုဆောင်ဒါရိုက်တာဖြစ်ပါသည်။
သူသည် ၁၉၈၈ အုံကြွမှုအချိန်က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းချိန်နောက်တွင် မြန်မာပြည်မှ ထွက်လာခဲ့သူဖြစ်ပါသည်။
အဝေးရောက်ဘဝတွင် ကနဦးကျသော လူ့အခွင့်အရေး အဆောက်အအုံတခုဖြစ်သည့် လူ့အခွင့်အရေးပညာပေးဋ္ဌာန - မြန်မာနိုင်ငံကို တည်ထောက်ခဲ့ပါသည်။ ၎င်းအနေဖြင့် မြန်မာပြည်ပြန်ပြီးသည့်နောက်တွင် ဤအဖွဲ့အစည်းအမည်နာမကို ညီမျှခြင်းမြန်မာဟု ပြောင်းလဲခဲ့ပါသည်။

သူသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ဦး၏ အဖွဲ့ဝင်အဖြစ် ၁၉၉၂ ခုနှစ်အထိ ရှိခဲ့ပါသည်။ ၎င်းအနေဖြင့် အဝေးရောက်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းတင်ဋ္ဌာနတွင် ညွန်ကြားရေးမှုးအဖြစ်တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့်ပါတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံအမြောက်အမြားတွင် အနီးကပ် နှိုးဆော်၊ တိုက်တွန်းမှုများအတွက် အတွေ့အကြုံများစွာ ရှိခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ချီးမြှင့်ခံရသော ဥရောမသမဂ္ဂ၏ ရှုးမင်းလူ့အခွင့်အရေးဆုအပါအဝင် ဆုစုစုပေါင်း ၈ ခုကို ၎င်း၏လူ့အခွင့်အရေး သိသာထင်ရှားပေါ်လွင်စွာလုပ်ဆောင်နိုင်မှုများတွက် မျိုးမှ ရရှိခဲ့ပါသေးသည်။
သူ၏ဘဝအပေါ်ရိုက်ကူးထားသည့်၊ ဒီလိုအချစ်မျိုး မှတ်တမ်းရုပ်ရှင်ကို ပါဝင်ရိုက်ကူးခဲ့ပြီး ၎င်းလုပ်ဆောင်သည့် သရုပ်ဆောင်မှုအတွက် နိုင်ငံတကာ၏ လက်ခံမှုကိုလည်း ရရှိခဲ့ပါသည်။

Fundraising team: Friends of Myo (1)

Naing Aung
Organizer
Arlington, VA
Aung Myo Min
Beneficiary
Jeanne Marie Hallacy
Team member

Your easy, powerful, and trusted home for help

  • Easy

    Donate quickly and easily.

  • Powerful

    Send help right to the people and causes you care about.

  • Trusted

    Your donation is protected by the  GoFundMe Giving Guarantee.